Quick Products Search




Navet-Cox Oral Suspension (100 ml)


Navet-Cox (နာဗက်ကောက်) ဝက်ငယ်ဝမ်းဖြူဝမ်းဝါကျရောဂါ ကာကွယ်ကုသဆေး (100 ml) Toltrazuril ….. 5% နို့စို့ဝက်ငယ် (၇ - ၂၁) ရက်သားဝက်ငယ်များတွင် ဝက်သွေးဝမ်းရောဂါ (coccidiosis infection in piglets) အဖြစ်များသည်။ သွေးဝမ်းဟုအမည်တပ်ရသော်လည်း အမှန်တကယ်ဝမ်းသွားရာတွင်ဝမ်းအဖြူရောင် (သို့) အဝါရောင် ပျစ်ချွဲချွဲအနေအထားမှ အရည်ကျဲကျဲပုံစံ အထိ တွေ့ရတတ်သည်။ ရံဖာရံခါ သွေးအစက်အပျောက်များကို တွေ့နိုင်သော်လည်း သေသေချာချာကြည့်မှ မြင်ရနိုင်သည်။ အဆိုပါဝက်သွေးဝမ်းရောဂါဖြစ်ပွားပါကကြီးထွားနှုန်းနည်းပြီး ကိုယ်အလေးချိန်ကောင်းစွာ မတက်တော့ပါ။ အိုင်စိုစပိုရာ စူးအစ် (Isosporasuis)ခေါ်သည့် ရောဂါပိုးကြောင့် ဖြစ်သည်။ ပဋိဇီဝဆေးတိုင်းနှင့်ကုသလို့ မရနိုင်ပါ။ Navet-cox တွင် ပါဝင်သော Toltrazuril နှင့် ကာကွယ်ကုသပေးမှသာ ပျောက်ကင်းနိုင်ပါသည်။ ဆေးအညွှန်း၊ ကာကွယ်ဆေးအဖြစ် - ၃ ရက်သားမှ ၅ ရက်သားအတွက် ကိုယ်အလေးချိန် (2.5 kg) ၂.၅ကီလိုဂရမ်လျှင် ၁ စီစီ (1ml)နှုန်းဖြင့် တစ်ကြိမ်တိုက်ကျွေးပါ။ ဝက်သားပေါက်ပြီးတိုင်း တစ်ကောင်လျှင် ဆေးတစ်ခါနှိပ်တိုက်ကျွေးခြင်းဖြင့် ကာကွယ်ပေးနိုင်ပါသည်။(ဆေးတစ်ခါနှိပ်=1ml) ကုသဆေးအဖြစ် - တစ်ရက်လျှင် ကိုယ်အလေးချိန် (1kg) တစ်ကီလိုဂရမ်အတွက် (1ml) တစ်စီစီနှုန်း တိုက်ကျွေးနိုင်ပါသည်။ Navet-Cox Oral Suspension (100 ml) Composition: Toltrazuril …………… 5 g Excipient q.s ……….. 100 ml Indications: For prevention and treatment of Isopora suis which cause diarrhea in neonatal pigs and coccidiosis in goats. Administration and dosage: Oral use. For prevention: 3-5 days old piglets: a single dose only, 20 mg of Toltrazuril/ kg BW (1 ml/2.5 kg BW). Goat kids at 3 weeks of age: 30 mg Toltrazuril/kg BW (0.6 ml/ 2.5 kg BW). Depending on the disease situation on the farm, reapply each 3 weeks until the goat reaches 4-5 months of age. For treatment: Pigs: 20 mg Toltrazuril/kg BW/day. Goat kids: 25 mg Toltrazuril/kg BW/ day (0.5 ml/kg BW/ day), use in 2 consecutive days. Withdrawal period for meat: 70 days.






©2024 Yin Yin Kyaw | All Rights Reserved.