Navet-Gentasin (Injectable Solution) (နာဗက်ဂျန်တာစင် ထိုးဆေး) ပါဝင်သောပစ္စည်းများ Gentamicin sulfate …………………… 1.6 g Tylosin tartrate ………………………….. 2 g Excipient q.s ……………………………… 100 ml ဆေးအညွှန်း ကျွဲ၊ နွား၊ မြင်း၊ သိုး၊ ဆိတ်၊ ဝက်များတွင် အဆုတ်ယောင်ရောဂါ၊ ပါဆူရဲလားပိုးကြောင့်ဖြစ်သောရောဂါ၊ ဆယ်မိုနဲလားကြောင့်ဖြစ်သောရောဂါ၊ မိုင်ကိုပလက်စမာပိုးကြောင့်ဖြစ်သောရောဂါ၊ နို့အုံယောင်ခြင်း၊ သားအိမ်ယောင်ခြင်း၊ စိန်ကွက်နာ နှင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းများတွင် အသုံးပြုနိုင်ပါသည်။ ခွေးများတွင် အဆုတ်ယောင်ရောဂါ၊ လေပြွန်ယောင်ရောဂါ၊ တံတွေးဂလန်းယောင်ရမ်းခြင်း၊ နားပိုးဝင်ခြင်း နှင့် ဆီးလမ်းကြောင်းရောဂါများတွင် အသုံးပြုနိုင်သည်။ အသုံးပြုပုံ အသားဆေး (သို့) အရေပြားအောက်ထိုးဆေးအဖြစ်အသုံးပြုနိုင်သည်။ နွား၊ မြင်းများတွင် ကိုယ်အလေးချိန် ၆ ပိသာရှိပါက ၁ ရက်လျှင် ၁ စီစီနှုန်း၊ ဝက်၊ သိုး၊ ဆိတ်၊ နွားငယ်များတွင် ကိုယ်အလေးချိန် ၆ ပိသာရှိပါက တစ်ရက်လျှင် ၂ စီစီ နှုန်း၊ ခွေး နှင့် ဝက်ငယ်များတွင် ကိုယ်အလေးချိန် ၁.၈ - ၃ ပိသာရှိပါက တစ်ရက်လျှင် ၁ စီစီနှုန်းဖြင့် ၃ - ၅ ရက်ဆက်တိုက်ထိုးပေးနိုင်ပါသည်။