Quick Products Search




DONOBAN - 10 ACTINOBACILLUS (10 in 1), KBNP (Korea)


Donoban – 10 (ဒိုနိုဘန် - ၁၀) ဝက်အသက်ရှူလမ်းကြောင်းရောဂါပိုး ဆယ်မျိုးပေါင်းရောဂါကာကွယ်ဆေး ဝက်များတွင် အဖြစ်များသော အသက်ရှူလမ်းကြောင်းရောဂါပိုးများ ဖြစ်သည့် (1)Bordetella bronchiseptica , (2) Actinonacillus pleuropneumoniae serotype 2 & 5 , (3) Mycoplasma hyopneumoniae , (4) Bordetella bronchiseptica cDN , (5)Pasteuralla multocida type A OMP , (6) Pasteuralla multocida type D cDNT , (7) Actinobacillus pleuropneumoniae serotype 2 toxin , (8) Actinobacillus pleuropneumoniae serotype 5 toxin ,(9)Streptococcus suis type 2 , (10)Hemophilus parasuis serotype 1,4 and 5 တို့ပါဝင်ပါသည်။ ဆေးအညွှန်း ဝက်များတွင် ဖြစ်တတ်သော အဆုတ်ရောင်ခြင်း၊ အဆုတ်အမြှေးပါးရောင်၍ နမိုးနီးယားဖြစ်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူပြင်းခြင်း၊ နှာရည်ယိုခြင်း ( ရံဖန်ရံခါ သွေးပါခြင်း) စသော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဆယ်မျိုးအပြင် အချို့ဝက်များတွင် နှာတိုခြင်း၊ အဆစ်ရောင်၍ ခြေထောက်နာခြင်းများမှ ကာကွယ်ပေးနိုင်သော ဆေးဖြစ်ပါသည်။ In the prevention of Atrophic Rhinitis (AR), Pneumonic pasteurellosis, Pleuropneumonia, Swine enzootic pneumonia, Streptococcosis and Glasser’s disease in pig. ဆေးအသုံးပြုပုံ • ကိုယ်ဝန်ဆောင်ဝက်မများတွင် ကလေးမမွေးမီ ၆ ပါတ်အလိုတွင် ကာကွယ်ဆေး ၂ စီစီကို အသားဆေးအဖြစ်ထိုးပေးပါ။ ထို့နောက် ကလေးမမွေးမီ ၃ ပါတ်အလိုတွင် ကာကွယ်ဆေးကို ဒုတိယအကြိမ် ထပ်မံထိုးပေးပါ။ • ဝက်ငယ်လေးများတွင် အသက် ၄ ပါတ်သားအရွယ်တွင် ကာကွယ်ဆေး ၁.၅ စီစီကို အသားဆေးအဖြစ်ထိုးပေးပါ။ ထို့နောက် ၇ ပါတ်သားအရွယ်တွင် နောက်တစ်ကြိမ်ထပ်မံထိုးပေးပါ။ • အရွယ်ရောက်ဝက်များတွင် တစ်ကောင်လျှင် ဆေး ၂ စီစီနှုန်းဖြင့် ပထမတစ်ကြိမ်ထိုးပြီး နောက်နှစ်ပါတ်ကြာလျှင် ထပ်မံထိုးပေးရပါမည်။ ကာကွယ်ဆေးအား ခြောက်လတစ်ကြိမ်ပုံမှန်ထိုးပေးပါ။ Packing size: ဆေးတစ်ပုလင်းတွင် ဆေး ၅၀ စီစီ ပါဝင်ပါသည်။ ***ကျန်းမာသော ဝက်များတွင်သာ ကာကွယ်ဆေးထိုးပေးရန်။






©2024 Yin Yin Kyaw | All Rights Reserved.