Himmvac BN (LaSota) Live Vaccine ကြက်အိုင်ဘီအင်ဒီရောဂါကာကွယ်ဆေး (အကောင် ၁၀၀၀ စာ) ကျန်းမာနေသော ကြက်များကို ကြက်လေပြွန်ရောင်ရောဂါ (Infectious Bronchitis) နှင့် ကြက်လည်လိမ်ရောဂါ (Newcastle Disease) မကျရောက်စေရန် တောင်ကိုရီးယားနိုင်ငံမှ ထုတ်လုပ်သော နိုင်ငံတကာအဆင့်အတန်းမီ ကြက်အိုင်ဘီအင်ဒီရောဂါကာကွယ်ဆေးကို ထိုးနှံနိုင်ပါသည်။ ဆေးအသုံးပြုပုံ ကာကွယ်ဆေးအကောင် (၁၀၀၀) စာကို အေးမြသောသောက်ရေသန့်တွင် ရောစပ်ပုံမှာ ကြက် ၈ ပါတ်သားအောက် - ရေ (၂၀) လီတာနှုန်း၊ ကြက် ၈ ပါတ်သားအထက် - ရေ (၄၀) လီတာနှုန်း ရောစပ်ရပါမည်။ ကာကွယ်ဆေးရောစပ်ပြီးရေ မတိုက်မီ ပုံမှန်ရေတိုက်မှုကို နှစ်နာရီ ကြိုတင်၍ ရေဖြတ်ထားပြီးမှ တိုက်ကျွေးပါ။ ကာကွယ်ဆေးတိုက်ကျွေးပြီး နှစ်လ (သို့) သုံးလအကြာတွင် နောက်တစ်ကြိမ် ထပ်မံတိုက်ကျွေးသင့်ပါသည်။ ကာကွယ်ဆေးကို အပူချိန် ၂ - ၈ ဒီဂရီ စင်တီဂရိတ်တွင် သိမ်းဆည်းပါ။ နေအလင်းရောင် တိုက်ရိုက်မထိစေရန် သတိပြုပါ။ ကာကွယ်ဆေးကို ရေခဲဖြင့် သယ်ဆောင်ပါ။ ရေခဲသေတ္တာအပေါ်ထပ်ရေခဲခန်းတွင် မသိမ်းဆည်းရပါ။