Quick Products Search




HIMMVAC IBD Live Vaccine, KBNP (Korea)


Himmvac IBD Live Vaccine ကြက်အိုင်ဘီဒီရောဂါကာကွယ်ဆေး (အကောင် ၁၀၀၀ စာ) ကျန်းမာနေသော ကြက်များကို ကြက်ဖင်ဆီဗူးရောင်ရောဂါ ( Infectious Bursal Disease) မကျရောက်ရန် တောင်ကိုရီးယားနိုင်ငံမှ ထုတ်လုပ်သော နိုင်ငံတကာအဆင့်အတန်းမီ ကြက်အိုင်ဘီဒီရောဂါကာကွယ်ဆေးကို ထိုးနှံနိုင်ပါသည်။ ဆေးအသုံးပြုပုံ ကာကွယ်ဆေးအကောင် (၁၀၀၀) စာကို အေးမြသော သောက်ရေသန့်တွင် ရောစပ်ပုံမှာ - တစ်ရက်သား - ရေ (၁) လီတာ၊ နှစ်ရက်သား - ရေ (၂) လီတာ၊ ဆယ်ရက်သား - ရေ (၁၀) လီတာ၊ ရက်လေးဆယ်နှင့် အထက် - ရေ (၄၀) လီတာနှုန်းရောစပ်ပါ။ ကာကွယ်ဆေးရောစပ်ပြီးရေ မတိုက်မီ ပုံမှန်ရေတိုက်မှုကို နှစ်နာရီ ကြိုတင်၍ ရေဖြတ်ထားပြီးမှ တိုက်ကျွေးပါ။ ကြက် ၇ ရက်သားမှ ၁၂ ရက်သားအတွင်း ပထမအကြိမ်တိုက်ကျွေးပြီး ကြက် ၁၀ ပါတ်သားမှ ၁၂ ပါတ်သားအတွင်း နောက်ထပ်တစ်ကြိမ် ထပ်မံတိုက်ပေးပါ။ ကာကွယ်ဆေးကို အပူချိန် ၂ - ၈ ဒီဂရီ စင်တီဂရိတ်တွင် သိမ်းဆည်းပါ။ နေအလင်းရောင် တိုက်ရိုက်မထိစေရန် သတိပြုပါ။ ကာကွယ်ဆေးကို ရေခဲဖြင့် သယ်ဆောင်ပါ။ ရေခဲသေတ္တာအပေါ်ထပ်ရေခဲခန်းတွင် မသိမ်းဆည်းရပါ။






©2024 Yin Yin Kyaw | All Rights Reserved.